Photoshop တွင် Sunbrust Shape တစ်ခုဖန်တီးပုံ

Photoshop မှာ Sunbrust တစ်ခုကိုဖန်တီးပေးမယ့် Tutorial ဖြစ်ပါတယ်။
Online မှာ ရှာပြီး Download လုပ်ပြီးသုံးလို့ရသော်လည်း ကိုယ်ကိုတိုင်လုပ်တတ်စေရန် လေ့လာလိုသည့်သူများအတွက်
ပြသပေးခြင်းဖြစ်ပါသည်။
နည်းလမ်းများမှာ မိမိ Skills နှင့် Technique ပေါ်မူတည်ပြီးအမျိုးမျိုးရှိပါသည်။
ထိုထဲမှ ပထမဆုံးတစ်နည်းကို Shape တစ်ခုအားသုံးပြီးဖန်တီးပြပေးပါမည်။

ပထမဦးစွာ file>new မှ ၆ လက်မ ပတ်လည် resolution ၃၀၀ ရှိသော RGB file တစ်ခုအားဖန်တီးရပါမယ်။



ထို့နောက် Shape ထဲတွင် ပြထားသော shape ကို ယူပြီး အလည်တည့်တည့် မှန်းပြီးဆွဲလိုက်ပါ။
၎င်း shape မှာ layer mask နှင့်ဖြစ်ရပါမယ်။ပုံမှာပြထားတဲ့ အတိုင်းမှန်သည်ဆိုပါက -



Shape Tool အပေါ်မှာရှိတဲ့ Path Selection Tool ထဲက Direct Selection Tool ကိုရွေးပေးပါ။
ရွေးပြီးပါက ပုံမှာ ပြထားသည့်အတိုင်း Select လုပ်ပေးပါ။



ထို့နောက်ပုံမှာပြထားသည့်အတိုင်းပေါ်နေပါလိမ့်မည်။
ထိုအတိုင်းဖြစ်ပါက Edit>Free Transform သို့ ctrl+t ကိုနှိပ်ပါက အကွက်လေးပေါ်လာပါက



ပြထားသည့်အတိုင်း အတွင်းသို့ ဖိဆွဲလိုက်ပြီးပါက ctrl + enter အားနှိပ်လိုက်ပါက
လိုချင်သည့်အတိုင်း ရပါလိမ့်မယ်။



ထို့နောက် Direct Selection Tool ဖြင့် Shape တစ်ခုလုံးအား select ပြီးသောအခါ Shape ထိပ်တွင် အတုံးသေးလေး
များတွေ့ရပါက select မှန်ကန်သည်ဟုမှတ်ယူပါ။
ဒီတစ်ခါ free transform (ctrl+t) ဖြင့် select ပြီးပါက အပြင်ဘက်ကို ပြထားသည့်အတိုင်းပြန်ဆွဲပေးပါ


များများအပြင်ဘက်သို့ ဖိဆွဲလိုက်ပါက လိုချင်တဲ့ sunburst shape လေးတစ်ခုဖြစ်သွားပါလိမ့်မယ်


ထို့်နောက်လိုချင် တဲ့အရောင်အား layer ထဲမှာ ရှိတဲ့ shape က အမည်းရောင်ပေါ်မှာသွားပြောင်းနိုင်ပါတယ်။



Author : Nandar Mg Mg ( Myanmar Photoshop Free)
Thank you for Reading!!!

Tag : ,

- Copyright © Myanmar Photoshop Free -